VPN Safety Guard
Myanmar VPN Censorship & Leak Tester
သင့် VPN သည် အင်တာနက်ပိတ်ဆို့မှုများကို ကျော်ဖြတ်နိုင်စွမ်း ရှိ၊ မရှိ နှင့် အချက်အလက်များ လုံခြုံမှု ရှိ၊ မရှိကို ဤနေရာတွင် သင်ကိုယ်တိုင် အလွယ်တကူ စစ်ဆေးနိုင်ပါသည်။
လက်ရှိအခြေအနေ အစီရင်ခံစာများ
မိမိသုံးနေသော အော်ပရေတာ (MPT, Atom, U9/Ooredoo, Mytel, Wifi) ပေါ်မူတည်၍ မည်သည့် VPN များ ကောင်းမွန်စွာ အလုပ်လုပ်နေသည်ကို ဤနေရာတွင် လေ့လာနိုင်ပါသည်။
သိရှိစေရန် : ယခု စစ်တမ်းနှင့် စာရင်းသည် သုံးစွဲသူများကိုယ်တိုင်ဖြည့်ထားသော စာရင်းဖြစ်ပါတယ်၊ အဓိကအားဖြင့် VPN ချိတ်ဆက်ရမှုအနေအထားကို report ပြုလုပ်နိုင်စေရန်နှင့် VPN ရွေးချယ်သူများ အတွက် ရွေးချယ်ရာတွင် တစ်နည်းတစ်ဖုံ ထောက်ကူပြုစေရန်ရည်ရွယ်သည်။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြို့နယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ဖြစ်နိုင်ပါတယ်။
မိမိတို့ဒေသတွင်းရှိ ပိတ်ပင်ခံထားရသော အော်ပရေတာများနှင့် အင်တာနက်အခြေအနေများကို မျှဝေပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။
ဤစစ်တမ်းကို ဖြေဆိုရာတွင် သင်မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်စေနိုင်သော အချက်အလက်များအား စုဆောင်းခြင်းမရှိပါ။